ရာသီပြောင်းချိန် ( Henry Aung )

in HIVE-MYANMAR2 months ago (edited)

111.jpeg

မင်္ဂလာပါ။ ဒီနေ့ကတော့ စာရေးရန် အတော်လေးကို စိတ်မပါပါ။ စိတ်မပါလျင် မရေးနဲ့ပေါ့ဟု အငေါ်တူးစရာ ဖြစ်သော်လည်း စိတ်ပါပါ မပါပါ တနေ့ စာတပုဒ်မရေးရလျင် ခြေတုန်လက်တုန် ဖြစ်လာမည် စိုးသောကြောင့် အတင်းဖိညစ်ကာ ရေးလိုက်ရပါသည်။

အဘယ့်ကြောင့် စာရေးရန် စိတ်မပါသနည်း ဆိုသော် ရာသီ အကူးအပြောင်း တွင် Covid ကာကွယ်ဆေး ထိုးထားသောကြောင့်ဖြစ်ပါသည်။ Covid ကာကွယ်ဆေးအား သန်လျင် တံတား အဆင်းရှိ Singapore Standard အတိုင်း ဆောက်လုပ်ထားသောStar City ဟူသော ကွန်ဒို အိမ်ယာ စီမံကိန်းတွင် သွားထိုးရခြင်း ဖြစ်ပါသည်။

ထိုအိမ်ယာ စီမံကိန်းတွင် ယခင်က သန်လျင် တံတား ဆောက်နေသော နိုင်ငံခြားသား အင်္ဂျင်နီယာများ ၊ သီလဝါ စက်မှုဇုန် အား တာဝန်ယူ အကောင်ထည်ဖေါ်နေသော ဂျပန် များဖြင့် အတော်လေး စည်ကားခဲ့သည်ဟု ဆိုပါသည်။ ယခုတော့ Silent Hill ဟူသော မြို့သို့ သွားရသလို့ပင်။

vac_1.jpeg

Image Source

နံနက်စောစော ကျွန်တော်တို့သန်လျင် တံတားဟောင်းပေါ်မှ မျှော်ကြည့်ရာတွင် ရပ်ထားသော တံတားသစ်စီမံကိန်းကြီးကို တွေ့ရပါသည်။ အတော်ရှည်သော ချဉ်းကပ်လမ်းပါသည့် တံတားကြီး ဖြစ်ပါသည်။ ရေလယ်တိုင် များ စိုက်ထူရန်ပင် အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါသည်။

ကြင်စိုး တို့ မယုတ်မာခဲ့လျင် ယခုအချိန်တွင် ထိုတံတားသစ်ကြီး မပြီးတောင် အတော်လေး ခရီးရောက်နေလောက်ပြီ ဖြစ်ပါသည်။ အလုပ်သမားပေါင်း များစွာအား အလုပ်ပေးထားနိုင်သော ထိုစီမံကိန်းကြီကတော့ ယခုရပ်တန့်နေပြီ ဖြစ်ပါသည်။ ဤသို့ဖြင့် နံနက် ကိုးနာရီခန့်တွင် Star City သို့ ရောက်ပါလေပြီ။ ဆေးထိုးရန် နေရာ စီစဉ်ထားသည်က မြေအောက်ထပ် ကားပါကင်တွင် ဖြစ်၏။

အတော်လေး ကျယ်သော ကားပါကင် ဖြစ်၍ Registration လုပ်ရန်နေရာ ၊ ကုဒ် နံပတ်ယူရန်နေရာ ၊ သွေးပေါင်ချိန် ရန်နေရာ ၊ ဆေးထိုးရန် နေရာ ၊ ထို့နောက် အချက်အလက် မှန်မမှန် စစ်ဆေးရန် နေရာ စသည်ဖြင့် အတော်လေး ပြည့်ပြည့် စုံစုံလုပ်ထားပေးပါသည်။

vac_2.png
Image Source

အမှန်တော့ ဤ Star City ရှိ ဆေးရုံသို့ Covid ကာကွယ်ဆေးထိုးရန် လွန်ခဲ့သော October လတွင် on line စာရင်းပေးသွင်းခဲ့ရပါသည်။ ဤသို့ဖြင့် အားလုံး အဆင်ပြေချောမွေ့စွာ ဆေးထိုးပြီးခဲ့ပြီ ဆိုကြပါဆို့ ။

အထစ်အငေါ့ မရှိ စောင့်ဆိုင်းရခြင်း မရှိ အဆင့်တခုပြီးတခု လွယ်ကူ စွာ ဆောင်ရွက်နိုင်ရန် ပြသပေးကြသလို ZaDa အမည်ရှိ Digital Wallet အတွင်းသို့ မိမိ၏ ဆေးထိုးထားသော Digital Certificate အားလည်း ပေးပို့ပေးမည်ဟူလို။

အဘယ့်ကြောင့်ဤမျှ လောက် အဆင်ပြေနေသနည်းဆိုသော် SinoPharm အမည်ရှိ အနှီးကာကွယ်ဆေးသည် လူတယောက် ၂ ကြိမ်ထိုး ၉၀၀၀၀ ကျပ်ဟူလို။

ရက်ကွက် အတွင်းတွင် အလကား ထိုးပေးပါလျက်နှင့် ပိုက်ဆံအကုန်ခံကာ အခြားနေရာတွင် သွားထိုးရပါသလောဟု အပြစ်မတင်စေလိုပါ။ ရပ်ကွက် ကျောင်းများတွင် ကြိတ်ကြိတ်တိုး တို့ဝှေ့ကာ ထိုးရခြင်းထက် ပိုက်ဆံ ပေးကာအဆင်ပြေပြေ ထိုးချင်သောကြောင့် ဖြစ်ပါသည်။

အဘယ့်ကြောင့် ဆိုသော် အသက်ကြီးပြီ ဖြစ်သော ကျွန်တော်မိခင် ( ကျောက်ကပ် ဆေးနေရ ) နှင့် ဖခင်တို့အား ဤ ကဲ့သို့ ရပ်ကွက် ကျောင်းတွင် တိုးဝှေ့ကာ ဆေးမထိုး စေချင်သော ကြောင့် ဖြစ်ပါသည်။

vac_3.jpeg
Image Source

ကုန်ကုန်ပြောရလျင် ရပ်ကွက် အတွင်းရှိ ကျောင်းများတွင် ကာကွယ်ဆေး သွားထိုးလျင် ကျောင်းရှေ့တွင် သဲအိတ်ကာ၍ စောင့်နေကြသော ကြင်စိုး နောက်လိုက်များနှင့် CDM မလုပ်ပဲ ကြင်စိုး အား ပထွေးတော်နေကြသူများ၏ သောက်ခွက် များအား မမြင်လိုသောကြောင့် ဖြစ်ပါသည်။

ဤသည်က ဆေးထိုးရသည့် အပိုင်း။ ဆေးထိုးပြီး တနေ့လုံး ဘားမှ မဖြစ်ပါ။ ဆေးထိုးပေးသော သူနာပြုဆရာမလေးကတော့ အရက်ဘီယာ တပတ်ခန့် ရှောင်ရန် အကြံပေးပါသည်။ ကိစ္စမရှိပါ။

ယခုကိစ္စရှိသည်က ဆေးထိုးပြီး ၂ ရက် ခန့်ကြာမှ ဖျားချင်သလိုလို အဖျားတိုင်း​တော့လည်း အဖျားမရှိ။ လှုပ်လှုပ်ရှားရှား လုပ်နေရလျင် ကိစ္စမရှိ။ ထိုင်နေလိုက်သည်နှင့် ချမ်းစိမ့်လာကာ နှာချေလာပါတော့သည်။

တနေကုန် လန်းလန်းဆန်းဆန်းမရှိ။ နှာရည်ကျလျင်ကျ မကျလျင် ခြေဖျားလက်ဖျားများ ချွေးစေး ထွက်လာပါတော့သည်။ ဘယ်လို ဖြစ်မှန်းမသိ။ ကာကွယ်ဆေးအရှိန်ကြောင့် ဤသို့ဖြစ်မှန်း သိသော်လည်း စိတ်ထဲတွင် မအီမသာ ခံစားရပါသည်။

ဆောင်းတွင်း ရောက်ပြီ ဆိုတော့လည်း ရန်ကုန်ဆောင်းက အေးသလိုလို မအေးသလိုလို ။ အပြင်ထွက်လျင် ချွေးထွက်ပြီး အိမ်ထဲဝင်လိုက်လျင် အေးစိမ့်လာပါတော့သည်။ အေးသည်ဟူ၍ အင်္ကျီ လက်ရှည် ဝတ်လိုက်လျင် ချွေးစို့လာပါတော့သည်။

vac_4.png
Image Source

ယခုတလော ဤကဲ့သို့ မအီမသာ ဖြစ်ကာ ဖျားချင်သလိုလို အအေးမိချင်သလိုလို ဖြစ်လာရခြင်း အားဆန်းစစ်မိသော် .... ဪ Hive ဈေးက $2.14 အထိတောင်ကျသွားပါပကော။ Hive ဈေးကျလျင် ဖျားချင်သလိုလို ဖြစ်လာသည်ဆိုသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ခုနေများ Hive ဈေး $3 ကျော်သွားလျင်ဖြင့် ရေပြေးချိုးလိုက်မည် ဖြစ်ပါသည်။

Henry Aung ( Kachin )

03/12/2021 - Friday - 18;35 Pm

Sort:  

အခုပိုးအသစ်က ထိုင်းတောင်ရောက်နေပြီတဲ့
!PIZZA
!LOLZ
!LUV

မကြာပါဘူး။ မြန်မာပြည် ရောက်လာလိမ့်မယ်။. !PIZZA. !LUV


@naythan(3/3) gave you | wallet | market | tools | connect | <><

What's a spy's favourite confectionery?
Subterfudge.

@kachinhenry, I sent you an $LOLZ on behalf of @naythan
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)

Covid ကာကွယ်ဆေးထိုးပီးရင် မအီမလည်ခံစားရတယ်လို့ ဆရာဝန်တွေ ရှင်းပြထားကြတယ်ဗျ။ ကျွန်တော်တို့ကတော့ ခုချိန်ထိ ဆေးမထိုးနိုင်သေးပါ။ ဖြစ်လာရင်လဲ စောစောသေ ဝဋ်ကျွတ်တာပေါ့။ !LOLZ

What did the doctor say about the tall person in a rush to see him?
I wish you were a little patient.

@kachinhenry, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/4)

အတော်များများကတော့ ရပ်ကွက်မှာ ထိုးပေးကြပါတယ်။ ဒါပေသိ @myimwa တို့ နေရာက အနီရောင် ဒေသ ဖြစ်နေလို့ပါ။. !PIZZA. !LOL. !LUV

What did the retired detective call his new real-estate business?
Sherlock Homes.

@nyimwa, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (6/6)

ရေတော့ မချိုးပါနဲ့ဗျာ $3 အထက် တက်မှာပါ။
ဒေါ်လာ 30 ဖြစ်ရင်တော့ စိတ်ကြိုက်
မော်ဒန်လေးတွေကို ချေးတွန်းခိုင်းပြီး ရေချိုး။
!PIZZA
!LOLZ

People who are color blind have the highest rates of divorce.
They can't see the red flags.

@kachinhenry, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/6)

ခုတော့ဖြင့် Hive ဈေးကတော့ မောင်ကြီးမကယ်နိုင်တယ် ဖြစ်နေပါပြီ လို့။ ! LOL. !PIZZA. !LUV

ဆေးထိုးပြီးလဲ မတ်စ်တပ်၊ လက်ဆေး ဂရုစိုက်ရဦးမှာ ။ အခုဆို အိုမီခရွန် မျိုးကွဲသစ်တောင် ထွက်နေပြီဆိုပဲ။

Mask ကတော့ ဆေးထိုးပြီးလည်း ချွတ်လို့ မဖြစ်ဘူး... ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်ပါသည်။ !PIZZA. !LUV. !LOL


@kachinhenry(1/1) gave you | wallet | market | tools | connect | <><

What kind of whale plays music?
An Orcastra

@sayalu, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)

မန်းလေးမြို့မှာတော့ Mask တက်ရင်ဖမ်းတယ်တဲ့ဗျ။

ကျနော်တော့ မထိုးဘူး။ ဪ အရင်အချိန်တုန်းကများဆိုလျင် နိုဂ်ငံ့ဝန်ထမ်းတွေက ထိုးရန် အဆင့်3မှာရှိတယ်။ ခုတော့..ထိုးလည်းမထိုးချင်လို့ပါ။

ခုချိန်လောက်ဆို တနိုင်ငံလုံး ဆေးထိုးပြီးလို့ သာသာ ယာယာ ဖြစ်နေလောက်ပြီ။ တွေးမိတိုင်း အရိုးထိအောင်နာတယ်ဆိုတာ.... ဒီလို အဖြစ်အပျက်တွေ... !PIZZA. !LUV. !LOL

Why are brain surgeons so good at persuasion?
They can really get inside your head.

@nweoomon, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)

ဟိုမှာ ဘာဆေးထိုးကြလဲမသိဘူး။ ကာကွယ်ဆေးတော့ ထိုးထားသင့်လို့ ဒီမှာတော့ ရလွယ်တဲ့ စီနိုဖန်ပဲ ထိုးထားပါတယ်
!LUV

ကျွန်တော်တို့ ထိုးတဲ့ ဆေးရုံမှာတော့ ဆီနိုဖန်း / ဆီနိုဗက် ရွေးလို့ရတယ်။ ကိုယ်တွေလည်း ကာကွယ်ဆေး သာထိုးရတာ။ စိတ်သန့် သွားအောင်လို့။. !PIZZA. !LOL. !LUV

Sundays are always a little sad
but the day before is a sadder day.

@princekham, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/6)

ဆေးထိုးထားလဲ ကာကွယ်ရေးပစ္စည်း မက်စ်တပ်ဖို့တော့ မမေ့နဲ့နော် !LOLZ !PIZZA

I sent my girlfriend a 'Get Better' card.
She's not sick, or anything - I just think she can get better..

@kachinhenry, I sent you an $LOLZ on behalf of @nyinyiwin
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/4)

Mask ကတော့ ဆေးထိုးပြီးလည်း ချွတ်လို့ မဖြစ်ဘူး... ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်ပါသည်။ !PIZZA. !LUV

ကာကွယ်ဆေးထိုးပြီးရင် အဲ့လို မအီမသာ ဖြစ်တတ်တယ် ပြောတယ် ဗျ။
!PIZZA

ဟုတ်တယ်... Covid အသေးစားလေး ပြန်ဖြစ်နေတာပေါ့။. !PIZZA. !LOL. !LUV

Did you hear about the actor who fell through the floorboards?
He was just going through a stage.

@donjaun, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/6)

ဆေးထိုးထိုးပြီးချင်းနေ့တော့ ရေမချိုးရဘူးနော်။Hive 3$ တက်လို့ ရေသွားချိုးနေမှ ဟုတ်ပဖြစ်နေအုံးမယ်။ အခုဖြစ်တာက ရာသီအကူး ဆောင်းအအေးဓာတ်ကြောင့် ဖြစ်မှာပါ။ !PIZZA

အမှန်က ကာကွယ်ဆေးက ပူလို့ အရက် ဘီယာ ရှောင်ခိုင်း တာပဲ ရှိတယ်။ ရေကတော့ ချိုးလို့ရပါတယ်။. !PIZZA. !LOL. !LUV

What’s Scooby Doos’ favorite drink?
Mountain Dooby Doo

@uthantzin, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/6)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped donjaun (x1)
kachinhenry tipped htwegyi (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped nyimwa (x1)
naythan tipped kachinhenry (x1)
@kachinhenry(9/18) tipped @naythan (x1)
kachinhenry tipped nyinyiwin (x1)
nyinyiwin tipped kachinhenry (x1)
kachinhenry tipped sayalu (x1)
donjaun tipped kachinhenry (x1)
htwegyi tipped kachinhenry (x1)
kachinhenry tipped nweoomon (x1)
kachinhenry tipped uthantzin (x1)
kachinhenry tipped princekham (x1)

Join us in Discord!

တော်တော်ဆိုးတဲ့ Covid ပါပဲ။ ကမ္ဘာ့သမိုင်းစာအုပ်မှာ
နောင်လာနောက်သားတွေ သူ့အကြောင်းကို စာအုပ်ထူကြီးနဲ့ သင်ကြရတော့မည် ထင်ပေါ့

!PIZZA

!LOL

What’s Scooby Doos’ favorite drink?
Mountain Dooby Doo

@kachinhenry, I sent you an $LOLZ on behalf of @myanmarkoko
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/2)